အတွေးကောင်းမရရင် ဘေးပေါင်းခလိမ့်မယ်

ကိလေသာအခြေခံတဲ့
မျက်ရည်မှန်သမျှ
ဝမ်းနည်းလို့ပဲကျကျ၊
ဝမ်းသာလို့ပဲကျကျ၊
ဘေးပေါင်းခတဲ့မျက်ရည်ပါပဲ။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့
ဝမ်းနည်းပြီးကျတဲ့မျက်ရည်မှ
ဘေးပေါင်းခတာ မဟုတ်ပါဘူး။
စိတ်ချမ်းသာစရာ၊
စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့
ဝမ်းသာပြီးကျတဲ့မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်။
ဘယ်လိုသံယောဇဉ်မျိုးကြောင့်ပဲ
မျက်ရည်ကျကျ၊
ဝမ်းနည်းတဲ့ ကိလေသာ၊
ဝမ်းသာတဲ့ကိလေသာ၊
ကိလေသာကို
အခြေခံတာဖြစ်တဲ့အတွက်
ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ။

တခြားပြင်ပဘေးတွေ
ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး၊
စိတ်ပူလောင်တဲ့ဘေး၊
စိတ်ရှုပ်ထွေးတဲ့ဘေး၊
စိတ်မတည်မငြိမ်ယောက်ယက်ခတ်တဲ့ဘေး၊
စိတ်လှုပ်ရှားတဲ့ဘေးကတော့
အတွင်းဘေးအဖြစ်နဲ့
သေချာပေါက် ရင်ဆိုင် ကြုံတွေ့ရမှာပါ။

0 comments:

Post a Comment