ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ
လူတွေမရေမတွက်နိုင်အောင် သေနေကြတာ၊
အားလို့သေတဲ့ မသာ
တစ်ယောက်မှမရှိပါဘူး။
မအားတဲ့ကြားထဲက
သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူကိုလည်းခေါ်မှာပါ၊
မအားတဲ့သူကိုလည်းခေါ်မှာပါ၊
သေမင်းမှာတပည့်မွေးပြီး
လူရွေးတဲ့သူမရှိပါဘူး။
ဒီတော့မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေး လိုက်သွားရမှာပဲ
ဆိုတာကို ကြိုတင်ပြီးတော့
နှလုံးသွင်းဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွှဲတဲ့အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။
(အရှင်ဆန္ဒာဓိက)
အားမှသေမှာလား သေမှအားမှာလား
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment